ရုရှား-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် တွေ့ဆုံ

ရုရှား-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် တွေ့ဆုံ

https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/11/jpg/multinews/3988/3ccffb0f5b0748fd011a17eafbfcf31327432e50748fb726cda08c0c7936b8d66f635c709e90385555f2847742f03af5ce664063f41800cc3f1a3a13512abca5/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/12/jpg/multinews/3980/47a3d3e135dd648dab90136c40141da2cdacbf1376ed2d6a2faa037b1d7e9036beb59c8a8a75e9187fbf58a0944ed146ebc322163f9f6fb6b060168ca15e8e7b/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/13/jpg/multinews/6360/e75e61b5713dbee9d378448d1ba8b66b2778423addc8e8debd850ca2f7dab29cad1bc5740e65f81597a87a13017a48a39540be9aa70f274e88c7b35381fa05dc/2284

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော အဖွဲ့ဝင်များနှင့် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များသည် ရုရှား-မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်ရန်အတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် အသင်းချုပ် အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့ကြပါသည်။

https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/14/jpg/multinews/3242/80d6d15eea4cfcb2cc39dd00b53a51324a8c1a0ec5ec260e47d68631d988eba6024516ced041779b5f48464ec3765491693b2a769ca60207c8eab9416a4e7be6/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/15/jpg/multinews/9503/a1dc40b8dd24ffec8bf917caa0fee022d0776d6e435d459e1457ed0469d022a3ca2374adcdf19bc361b99725250129e6709b33dfe71d7ae0b0d2e605edcf3c2a/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/16/jpg/multinews/5666/7d92859fd84331a786421f89636a025e502e26279ac5aab5dd358a7b78514d62950965f06446effceb11fba62696632d55565cd8958bb0090117f8bbe18e83e7/2284

တွေ့ဆုံရာတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက “ယနေ့တွေ့ဆုံမှုကတစ်ဆင့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အသင်းချုပ်သည် ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ကိုယ်စားပြုလျက် ကဏ္ဍအလိုက် လုပ်ငန်းရှင်များ ကိုယ်စား သက်ဆိုင်ရာကော်မတီများ၊ ဝန်ကြီးဌာနများနှင့်  ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်တွင်းအခြေစိုက် နိုင်ငံတကာကုန်သည်အသင်း များနှင့် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက်ပါ ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ မြန်မာ - ရုရှား နှစ်နိုင်ငံအကြား အထူးသဖြင့် စိန့်ပီတာစဘတ်နှင့်  မြန်မာအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍအကြား တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်၊ စိန့်ပီတာစဘတ် ပြည်ပ ဆက်ဆံရေးကော်မတီနှင့် စိန့်ပီတာစဘတ်ကုန်သည်အသင်းများအကြား စီးပွားရေး သတင်း အချက်အလက်များ အပြန်အလှန် ဖလှယ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/17/jpg/multinews/7430/fd00739f490c26ca61e52e7724456f852c4a8bb1a0ebc04b5f75335c0ec09889839b333313ace55ce3dccd5d9dbcee194c181b0162cd954b00d6a78337611ef3/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/18/jpg/multinews/3775/3415d13e320ec4c16fbee8ade625b5068f07e533e755fadd589608e8b09a6d74b80e604de96e4f4ff88f28e6798efd5cffddd508f48808f962d050cea339c0fb/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/19/jpg/multinews/8183/adf0d3c5130a19d79f30865b42d3c692508619382791035a20871285183508fbf52ac2eb82e8b035d2b0f219ee25f54a655d2a6e9cc6dc75a04a90f3b542e763/2284

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာအစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich က “တွေ့ဆုံမှုသည် ရုရှား-မြန်မာနှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် အကျိုးရှိပါကြောင်း၊ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် သည့်အခါမှာ ကြုံတွေ့နိုင်သည့် အခက်အခဲများကို  ကျော်လွှားရန် ယခုလို တွေ့ဆုံမှုမျိုးသည် အရေးကြီးပါကြောင်း၊ မြန်မာလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်ရေးတိုးမြှင့်ရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်ကို သိရသည့်အတွက် အားရကျေနပ်ပါကြောင်း၊ လက်ရှိ ကာလတွင် မြန်မာမှ ရုရှားသို့ တင်ပို့ရောင်းချလိုသည့် ကုန်စည်အမယ် တစ်မျိုးချင်းအတွက် အချက်အလက်များရယူလိုကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်သို့ လာရောက်တွေ့ဆုံရာတွင် ရလဒ်ရရှိနိုင်သည့် ဆွေးနွေးမှုမျိုးကို မျှော်မှန်းထားပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ရာတွင် ပကတိ မြေပြင်အခြေအနေကိုသိရှိပြီး လုပ်ကိုင်မှသာလျင် အောင်မြင်မှု ရရှိနိုင်မည် ဖြစ်သည့်အတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးစေလိုကြောင်း” ပြောကြားခဲ့သည်။

https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/20/jpg/multinews/9933/edd04785ac3170b18b41a52ab7b338db517f7f7bc523c2b6bf798f36637bafa741743bb1bc8edbf3d4466b27c2cebb6107ec8c1f5ccc7fcb68247582354897ba/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/21/jpg/multinews/511/48481dbbcaa3f7ee18a4ed6f4df048f609f356eec3da2d9b66b682eaf26b39fd4afc0531ffcc72507c32c36ff66a2aa32078aedf213884896f1ea4f3fe38eb6c/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/22/jpg/multinews/5037/a17598477f2ee8cda04ee6278358982074ec88dd272ecb989c22bb7d35bcc1ade6d2788d7a0e4ab7c3ae5847b567cd0565f14270f04718c430d6f3813f41fabc/2284

တက်ရောက်လာသူများက​ရုရှားနိုင်ငံသို့ ဆန်အပါအဝင် လယ်ယာထွက်ကုန်များ တင်ပို့နိုင် ရေးအတွက် လုပ်ထုံးလုပ်နည်း လိုအပ်ချက်များကို နှစ်ဖက်အစိုးရအချင်းချင်း ညှိနှိုင်းရေး၊ ဓါတ်မြေဩဇာကို ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရေး၊ သရက်သီး၊ ပင်မှည့်သီး အစရှိသော သဘာဝသစ်သီးများကို ရုရှားဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန်အတွက် ဆောင်ရွက်ရမည့် နည်းလမ်း များ၊ ဆီထွက်သီးနှံကဏ္ဍ၌ နေကြာစိုက်ပျိုးထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် လုပ်ငန်း ရှင်များအကြား အပြန်အလှန် ချိတ်ဆက်နိုင်ရန်အတွက် ကနဦး ဆက်သွယ်ရေး လမ်းကြောင်း တစ်ခု ထူထောင်ရေးတို့ကို ဆွေးနွေးခဲ့သည်။  

https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/23/jpg/multinews/3284/b752466c6b7fbc5e8a73f966e84f6e5e419c99329c492c80e9c4973a0e53d32279e1b5c3c3d81d19ead689618c197438451e9bdaeb02e7099982154bd2c8be15/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/24/jpg/multinews/6761/3c9529da015ef354f84fd2cde7ea9f268c446de96f694fa34ce05d5eeea03813e2fa96dc1e9d7c53741022bca2d49741569e834093ad8470a4126ac41707445d/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/25/jpg/multinews/2468/075148e84927eccf63e68728d43e93f7c7c7d481da3806a8327ca93b11b6f69c594817a5fcd2c22e19cc9e8e987efd0545b9ec6b4ac8b6a2f7d0e771eb7ca35b/2284

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးရဲမင်းအောင်၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဦးရဲမြင့်မောင်၊ ဒေါ်သူဇာဝင်း၊ တွဲဖက်အကျိုးဆောင်စာရင်းစစ် ဦးအောင်ကြည်စိုးတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/26/jpg/multinews/1739/429def7d43b8962b543cb12d675fd4d3eea1fe60b24ca3050489ac9f4af48bc93cfd48d2b7c8729856ff42e8c4ef7fcf5834215d0aa823ec82326edccfb8081e/2284https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/27/jpg/multinews/5179/5f47ce6be9761d58f09ab59e354b34918009b9bbf22a78efd835c44e32d33028128451b88f55aa075db8eba82d8822662149d4f3fbebaf8003e9392f91829d4c/2284

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Back

UMFCCI News

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၃) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၃) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးဆွေးနွေး

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးဆွေးနွေး

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးဆွေးနွေး

စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ

စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်စေရေးနှင့် သဘာဝသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်း အဝေး ကျင်းပ

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်စေရေးနှင့် သဘာဝသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်း အဝေး ကျင်းပ