Junior Chamber International Myanmar နှင့် အသင်းချုပ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံ
အမေရိကန်နိုင်ငံအခြေစိုက် Junior Chamber International ၏ ဥက္ကဋ္ဌ Mr. Viktor Omarsson နှင့် JCI Myanmar ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် တွဲဖက် အကျိုးဆောင် စာရင်းစစ် ဦးအောင်ကြည်စိုး၊ IR Advisor ဦးတင့်ဆွေတို့နှင့် တွေ့ဆုံကာ အသင်းချုပ်နှင့် JCI Myanmar တို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံရာတွင် JCI organization နှင့် JCI Myanmar တို့၏ လက်ရှိဆောင်ရွက်နေမှုများအား မိတ်ဆက် တင်ပြခြင်း၊ အသင်းချုပ်နှင့် JCI Myanmar တို့အကြား ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ရှာဖွေခြင်း၊ စီးပွားရေး၊ ကိုယ်ရည်ကိုယ်သွေး၊ နိုင်ငံတကာဆက်ဆံရေးဖွံဖြိုးတိုးတက်ရေးစသည့် ကဏ္ဍ(၃)ခုကို ဦးစားပေးကဏ္ဍများအဖြစ်သတ်မှတ်၍ အသင်းချုပ်နှင့် JCI Myanmar တို့မှ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ JCI အသင်းဝင်များ၊ JCI Myanmar အသင်းဝင်များနှင့် အသင်းချုပ်တို့ Business Matching ပွဲများ ကျင်းပပြုလုပ်နိုင်ရေး၊ နိုင်ငံတကာပြပွဲများအား အသင်းချုပ်၏ အသင်းဝင်များကို ဖိတ်ကြားနိုင်ရေး၊ အသိပညာပေး ဗဟုသုတမျှဝေခြင်းဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ အသင်းချုပ်၏ ကွန်ယက်မှတဆင့် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များဖိတ်ခေါ်နိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
နှစ်စဉ်နှစ်တိုင်း JCI သည် JCI ရှိသည့်နိုင်ငံများတွင် ဆွေးနွေးပွဲများ၊ သင်တန်းများကို ကြီးမှူးကျင်းပပေးလေ့ ရှိပါသည်။ ယနေ့အစည်းအဝေးသို့ 2023 World JCI ဥက္ကဋ္ဌ Mr. Viktor Omarsson ၊ National President Tara ဝတ်မှုန်ဖူးပွင့်သူ၊ National Adviser မစိမ်းဝတ်ရည် ၊ National Adviser မဇင်ရတနာတို့ပါဝင်သော JCI World, JCI Myanmar အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
Back