ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ၏ (၂၁) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပေါက်စေတီစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘန္ဒန္တဉာဏိက (ဓမ္မာစရိယ) အမှူးပြုသော သံဃာတော်အရှင်သူမြတ် (၁၀) ပါးတို့အား ပင့်ဖိတ်၍ ဝါဆိုသင်္ကန်း၊ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စုပေါင်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အသင်းချုပ် အကြံပေးပုဂ္ဂိုလ်များ၊ ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အသင်းသူ/အသင်းသားများနှင့် ဝန်ထမ်းများက ဆရာတော် ဘန္ဒန္တဉာဏိက (ဓမ္မာစရိယ) အမှူးပြုသော သံဃာတော်အရှင်သူမြတ်များနှင့် စာသင်တိုက်အား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် လှူဒါန်းငွေကျပ်သိန်း (၁၁၇.၃၃) ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ဆရာတော် ဟောကြားချီးမြှင့်တော်မူသော အနုမောဒနာတရားတော်ကို အတူတကွ နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှဝေခဲ့ကြပါသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
Backပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၃) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးဆွေးနွေး
အိန္ဒိယ-မြန်မာ ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးဆွေးနွေး
စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ
တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်စေရေးနှင့် သဘာဝသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်း အဝေး ကျင်းပ