ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML / CFT)” ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML / CFT)” ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

 

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML / CFT) ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပhttps://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/IMG_9596/jpg/multinews/7218/eb3bf90bfb0d16b359ac4a89afdf33ea9193617f9000e11b3a24c90c039f41fab583e022565d243a2c72ceb44fdcc416164d2502f49b3db281d02e2ada8f2dd0/1817 https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/IMG_9564/jpg/multinews/7736/9286dc12da19d58ea59c0e52f6a5cf62a2f89d75f91dbe461ff537090715c26b5ae9442cb52bf67f066694d62bb737978b94e2bf81b290eaef8d40e9bd567675/1817

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေမှ ဦးဆောင်၍ “ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML / CFT)” ဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၊ ပထမထပ်၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် သတင်းပို့အဖွဲ့အစည်းများမှ အစီရင်ခံသတင်းပို့မှုများ အချိန်နှင့်တစ်ပြေးညီ ပေးပို့ရာတွင် လိုအပ်သည့်အချက်များ ၊ ရုံးထိုင်စစ်ဆေးခြင်း (Offsite)နှင့် ကွင်းဆင်းစစ်ဆေးခြင်း (Onsite)မှ  စစ်ဆေးတွေ့ရှိချက်များ ၊ အိမ်ခြံမြေ အကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက်နှင့် အဖိုးတန်သတ္တု ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိမှုများ ရှင်းလင်းဆွေးနွေးခြင်း၊ ငွေရေးကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် လွှဲပြောင်း ဆောင်ရွက်မှု သတင်းပို့ချက်များ ပေးပို့ရမည့်နည်းလမ်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို ပိုမိုနားလည်စေနိုင်ရေးအတွက် Case Study များဖြင့် ရှင်းလင်းဆွေးနွေးခြင်းတို့ ပါဝင်သည်။

ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ နှင့် အသင်းချုပ်မှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှ တာဝန်ခံများ ညီနောင်အသင်းများမှ တာဝန်ရှိသူများ စုစုပေါင်း တက်ရောက်သူဦးရေ (၄၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Back

Government News

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ သိရှိနိုင်ပါရန် ၊ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်သောအသိပေး ကြေညာချက်အား ဖော်ပြအပ်ပါသည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ သိရှိနိုင်ပါရန် ၊ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်သောအသိပေး ကြေညာချက်အား ဖော်ပြအပ်ပါသည်။

UMFCCI အသင်းဝင်များလေ့လာဖတ်ရှုနိုင်စေရန် - မူပိုင်ခွင့်ဥပဒေများဆိုင်ရာ သိကောင်းစရာများ

UMFCCI အသင်းဝင်များလေ့လာဖတ်ရှုနိုင်စေရန် - မူပိုင်ခွင့်ဥပဒေများဆိုင်ရာ သိကောင်းစရာများ

UMFCCI အသင်းဝင်များလေ့လာဖတ်ရှုနိုင်စေရန်- ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ သိကောင်းစရာများ

UMFCCI အသင်းဝင်များလေ့လာဖတ်ရှုနိုင်စေရန်- ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ သိကောင်းစရာများ

စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့် ဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ်ကျင်းပ

စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့် ဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ်ကျင်းပ

အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အသိပေးကြေညာချက်

အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အသိပေးကြေညာချက်