ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သည် ၂၀၁၉ ခုနှစ်တွင် ပြည့်မြောက်မည့် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် “UMFCCI Centennial International Expo 2019” ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ မှ (၂၂) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza (Myanmar Expo) တွင် ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လုပ်ငန်းရှင်များအနေနဲ့ ပြပွဲတွင်ကုန်ပစ္စည်းများကို ဝင်ရောက်ပြသနိုင်ပါတယ်။
အဆိုပါပြပွဲကြီးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုတို့ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
UMFCCI Centennial International Expo 2019 ပြပွဲတွင် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ပြသနိုင်စေရန်၊ နိုင်ငံတကာဈေးကွက်သို့ မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက် ရောင်းချနိုင်စေရန်၊ ပြည်ပမှ အရည်သွေးမြင့် သွင်းကုန်ပစ္စည်းများ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာစေရန်တို့အတွက် ရည်ရွယ်ပြီး ကုန်ပစ္စည်းများဝင်ရောက်ပြသလိုတဲ့ ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင် (Exhibitor) များကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ဖိတ်ခေါ်လျက်ရှိပါတယ်။
ပြပွဲတွင် နိုင်ငံတကာမှ ကုန်ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများမှ ဒေသထွက်ကုန်နှင့် ထုတ်ကုန်ပစ္စည်းများ (Value Added & Semi Finish Products) များကို ပြခန်းပေါင်း (၂၀၀) ကျော်ဖြင့် ပါဝင်ပြသွားမှာဖြစ်ပြီး အသင်းချုပ် ညီနောင်အသင်းအဖွဲ့များမှလည်း -
(က) တိုင်းနှင့်ပြည်နယ်များမှ အရည်အသွေးမီသော ဒေသထွက်ကုန်ပစ္စည်းများ
(ခ) လုပ်ငန်းအလိုက်အသင်းများဖြစ်ပါက ပြည်ပပို့ကုန်မြှင့်တင်ရေး နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရောင်းချနိုင်သော ပစ္စည်းများကိုပါ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
ယခုပြပွဲကြီးမှာ ပါဝင်ပြသဖို့ စိတ်ပါဝင်စားတဲ့လုပ်ငန်းရှင်များအနေနဲ့ ပြပွဲအသေးစိတ်ကို သိရှိနိုင်ဖို့ www.umfccicentennialexpo.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မိမိတို့ရဲ့ကုန်ပစ္စည်းများကို ပါဝင်ပြသနိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ဖိတ်ခေါ်လိုက်ရပါတယ်။
ဆက်သွယ်ရန်
*************
Secretariat Office
Phone : + 951-231 4344~49 (Ext :118, 301) + 959-450 200 340, 09450200330, 09677727514
Mail : centennialexpo.umfcci@gmail.com
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးဆွေးနွေး
အိန္ဒိယ-မြန်မာ ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးဆွေးနွေး
စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ
တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်စေရေးနှင့် သဘာဝသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်း အဝေး ကျင်းပ
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကျင်းပ