မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်(MYANWEN)နှင့် ဧရာဝတီဘဏ်(AYA Bank)တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်(MYANWEN)နှင့် ဧရာဝတီဘဏ်(AYA Bank)တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

 
MYANWEN နှင့် AYA Bank တို့မှ အမျိုးသမီးများဦးဆောင်သော MSME အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် နားလည်မှု စာချွန်လွှာ (MOU) ကို ၂၀၂၃ခုနှစ် မေလ (၁၉)ရက်နေ့တွင် ကုန်သည်စက်မှု အသင်းချုပ်ခန်းမ၌ လက်မှတ် ရေးထိုးခဲ့ကြပါသည်။
ယင်းနားလည်မှုစာချွန်လွှာတွင် ကောင်းမွန်သော ရည်ရွယ်ချက်များဖြစ်သည့်
· MSMEလုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ်ကုန်များကို MYANWEN မှပြုလုပ်သော Made in Myanmar Fair များမှတဆင့် စျေးကွက်အတွင်းသို့ ဝင်ရောက်နိုင်စေရန်။
· MSME လုပ်ငန်းများကို ပြည်တွင်းဈေးကွက်တွင် သာမက ပြည်ပဈေးကွက် အထိချဲ့ထွင် နိုင်ရန်အတွက် စျေးကွက်ရှာဖွေသော အရောင်းပြပွဲများ၊ ကုန်သွယ်မှုပြပွဲများတွင် ပါဝင်ပြသနိူင်ရန်။
https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/_MGL1939/JPG/multinews/9946/b83a7dd08891c0d56d41cd11d9f7635ef813b14ec72ca4d288421e3197d045642482bce469bb793f0c48b32d18f30995a8e79d735066f85ab5f53c2d5f5b1039/1988https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/_MGL2009/JPG/multinews/4442/d79fcacfb000c0d9c35f76cdc2cf38b6f51802fc5622a9e2985c296fe057e53408d64d37416ee41397d750552d6edc973cdf826df178caf315fb4df66cfefb60/1988
 
https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/_MGL2029/JPG/multinews/1092/6b57d735046b4f0e046b12a457fc9c3781e5da77a2aab5e8c8fe64d37ed26987c6784db360672683c13592b4a053fa0a036033874a9c9b5f9478d5369e773ebc/1988
· MSME လုပ်ငန်းရှင်များအတွက် အသိပညာနှင့် ကျွမ်းကျင်မှုများ တိုးတက်လာစေရန် ပြုလုပ်သော နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများကဲ့သို့သော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ လှုပ်ရှားမှုများ၊ စီးပွားရေးနှင့် ပတ်သက်သော ပညာရေးဆိုင်ရာကဏ္ဍများတွင် အတူလက်တွဲဆောင်ရွက်ရန်။
· အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များ၏ လုပ်ငန်းဘဏ္ဍာရေးလည်ပတ်ငွေများ (AYA Micro Loan) လိုအပ်ပါက AYA Bank နှင့် MYANWEN အသင်းတို့မှ ပူးပေါင်း ဆောင်ရွက်ပေးသွားရန် တို့ပါဝင်ပါသည်။
အဆိုပါ MOU ကို "မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN)" ၏ဒုတိယဥက္ကဌ ဒေါက်တာစုလှဟန် နှင့် ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်” (Ayeyarwady Bank) ၏ Managing Director ဒေါ်သဇင်အောင်တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
MOU လက်မှတ်ရေးထိုးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာမျိုးသက်၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများဖြစ်သော ဦးမျိုးသန့်၊ ဦးအောင်ဇေယျာလွင်၊ ဦးဇော်မင်းသန့် နှင့် တာဝန်ရှိသူများ ၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ဒုတိယဥက္ကဋ္ဌ ဒေါက်တာစုလှဟန်၊ အတွင်းရေးမှူး ဒေါ်သူဇာဝင်း နှင့် ဧရာဝတီဘဏ်မှ Managing Director ဒေါ်သဇင်အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Back

UMFCCI News

ပြည်သူ့ရင်ပြင်၌ ရှင်သာမ‌ဏေ အပါး ၅၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပါဝင်လှူဒါန်း

ပြည်သူ့ရင်ပြင်၌ ရှင်သာမ‌ဏေ အပါး ၅၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပါဝင်လှူဒါန်း

UMFCCI affiliated associations donate to post-earthquake relief and reconstruction efforts

UMFCCI affiliated associations donate to post-earthquake relief and reconstruction efforts

ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများက အလှူငွေနှင့် ပစ္စည်းများ ပူးပေါင်းပါဝင် လှူဒါန်းလျက်ရှိ

ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများက အလှူငွေနှင့် ပစ္စည်းများ ပူးပေါင်းပါဝင် လှူဒါန်းလျက်ရှိ

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းများက အလှူငွေများ ပေးအပ်

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းများက အလှူငွေများ ပေးအပ်

ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုန်သည်စက်မှု အသင်းချုပ်က ကျပ် သိန်း ၁၀,၀၀၀ လှူဒါန်း

ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုန်သည်စက်မှု အသင်းချုပ်က ကျပ် သိန်း ၁၀,၀၀၀ လှူဒါန်း