ထိုင်းနိုင်ငံရှိ Thai National Shippers Council မှ Executive Director Mr. Kongrit Chantrik နှင့် အဖွဲ့ဝင် (၆) ဦးပါသည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း-မြန်မာ နှစ်နိုင်ငံ စီးပွားရေးအလားအလာရှိသောလုပ်ငန်းများ ပူးပေါင်းတိုးမြှင့်ဆောင်ရွက်ရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် အသင်းချုပ်တာဝန်ရှိပုဂ္ဂိုလ်များနှင့် လာရောက်တွေ့ဆုံခဲ့ကြသည်။
အစည်းအဝေးတွင် လတ်တလော မြန်မာနိုင်ငံ၏ Logistics ကဏ္ဍဆိုင်ရာ အခြေအနေများ၊ သတင်းအချက်အလက်များ၊ The Department of International Trade Promotion (DITP), Ministry of Commerce of Thailand ၏ ပံ့ပိုးမှုဖြင့် 17.8.2023~19.8.2023 ရက်နေ့များ၌ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည့် Thailand Logistics Fair ဆိုင်ရာ လိုအပ်သည့် သတင်းအချက်အလက်များ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ အသင်းချုပ်ဖက်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဦးမျိုးသန့်၊ ဒေါ်သူဇာဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအေးအေး၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေးနှင့် IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
Backပြည်သူ့ရင်ပြင်၌ ရှင်သာမဏေ အပါး ၅၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပါဝင်လှူဒါန်း
UMFCCI affiliated associations donate to post-earthquake relief and reconstruction efforts
ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများက အလှူငွေနှင့် ပစ္စည်းများ ပူးပေါင်းပါဝင် လှူဒါန်းလျက်ရှိ
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းများက အလှူငွေများ ပေးအပ်
ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုန်သည်စက်မှု အသင်းချုပ်က ကျပ် သိန်း ၁၀,၀၀၀ လှူဒါန်း