မြန်မာအနုညာတဗဟိုဌာန (Myanmar Arbitration Centre-MAC)

မြန်မာအနုညာတဗဟိုဌာန (Myanmar Arbitration Centre-MAC)

 

မြန်မာနိုင်ငံတွင် အနုညာတဖြေရှင်းနည်းကို ဆောင်ရွက်နိုင်ရန် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေကို ပြဌာန်းခဲ့ပါသည်။ ကုန်သည်စက်မှုအသင်းချုပ်သည်လည်း အနုညာတဖြေရှင်းနည်းကို အားပေးသည့်အနေဖြင့် “မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန” Myanmar Arbitration Centre (MAC) ကို မြန်မာနိုင်ငံ၏ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ (၂၀၁၆) အတိုင်းလိုက်နာ၍ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ စင်တာသည် စီးပွားရေးဆိုင်ရာအငြင်းပွားမှု (Commercial Dispute) ကို ဦးစားပေး၍ နှစ်ဖက်အငြင်းပွားသူများ အကြား စေ့စပ်ညှိနှိုင်းဖျန်ဖြေပေးသော ဝန်ဆောင်မှုပေးသည့်စင်တာအဖြစ် ရပ်တည်သွားမည် ဖြစ်ပါသည်။

စီးပွားရေးဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းရာတွင် အနုညာတဖြေရှင်းနည်းသည် ကမ္ဘာတွင် ခေတ်စားလာသော ဖြေရှင်းနည်းတစ်ခုဖြစ်ပါသည်။ စင်တာသည် စီးပွားဖက်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမပျက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု စသည့် လုပ်ငန်းများကို ဆက်လက်၍ လုပ်ကိုင်နိုင်ကြစေရန်၊ သက်ဆိုင်ရာနိုင်ငံများ၏ တရားရုံးများတွင် အမှုစွဲဆိုခြင်းထက် ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာစေရန်၊ နှစ်ဖက်အငြင်းပွားသူများ၏ ဂုဏ်သိက္ခာနှင့် လျို့ဝှက်ချက်များ မထိခိုက်စေရန်၊ နှစ်နိုင်ငံ (သို့မဟုတ်) နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအကြား အငြင်းပွားမှုများကို တရားမျှတစွာ ဖြေရှင်းပေးနိုင်ရန်နှင့် နယူးယောက်ကွန်ဗင်းရှင်းအရ ဆုံးဖြတ်ချက်များအပေါ် အပြန်အလှန်အကောင်အထည်ဖော်နိုင်ရန်၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများ အငြင်းပွားမှုဖြစ်ပေါ်လာပါက ပြည်တွင်း၌ ဖြေရှင်းနိုင်ခြင်းဖြင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ၏ အားကိုးအားထားရသော စင်တာဖြစ်လာစေရန် ရည်ရွယ်ပါသည်။

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနသည် အနုညာတစီရင်ဆုံးဖြတ်ခြင်းနှင့်ပတ်သက်သည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် အနုညာတ ဖြေရှင်းနည်းတွင် အနုညာတခုံသမာဓိ Arbitrator အဖြစ် ပါဝင်ဆောင်ရွက်လိုသူများအတွက်လည်း အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ဗဟုသုတ၊ လုပ်ထုံးလုပ်နည်းများကို နားလည်သိရှိ ရင်းနှီးကျွမ်းဝင်စေရန် အနုညာတခုံသမာဓိသင်တန်းအပတ်စဉ် ၁ ကို ၂၅-၅-၂၀၁၉ ရက်တွင်လည်းကောင်း၊ အပတ်စဉ် ၂ ကို ၂-၇-၂၀၂၂ ရက်တွင်လည်းကောင်း ၁ လ သင်တန်းဖွင့်လှစ်၍ ခုံသမာဓိသင်တန်းသားစုစုပေါင်း ၈၀ ကျော်ကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ နေ့လည် (၁) နာရီတွင် ခုံသမာဓိသင်တန်းအပတ်စဉ် ၁ နှင့် ၂ တို့မှ သင်တန်းသားများနှင့် သင်တန်းမှူး ဆရာကြီးဒေါက်တာမောင်မောင်သိမ်းမှ တွေ့ဆုံ၍ ခုံသမာဓိသင်တန်းသားများ မြေပြင်တွင် လက်တွေ့ဆောင်ရွက်နိုင်မည့် အတွေ့အကြုံများ ရရှိစေရေးအတွက် Moot Tribunal Demonstration သရုပ်ပြခုံရုံးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ Moot Tribunal Demonstration ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးဆိုင်ရာစာချုပ်များ ချုပ်ဆိုရာတွင် မြန်မာနိုင်ငံ၏ အနုညာတဥပဒေဖြင့် ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနတွင် ဖြေရှင်းဆောင်ရွက်နိုင်ပါသည်။ စီးပွားရေးဆိုင်ရာစာချုပ်များ ချုပ်ဆိုရာ၌ Arbitration Clause တွင် ၂၀၁၆ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ၊ Myanmar Arbitration Law တို့ဖြင့် MAC (ရန်ကုန်) တွင် ဖြေရှင်းဆောင်ရွက်မည်ကို ထည့်သွင်းချုပ်ဆိုနိုင်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနကို အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ ၈ လွှာ၊ အခန်း ၈၀၁ တွင် ဖွင့်လှစ်လျက်ရှိပြီး စင်တာ၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ အထမြောက်အောင်မြင်စေခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်မည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Back

UMFCCI News

ပြည်သူ့ရင်ပြင်၌ ရှင်သာမ‌ဏေ အပါး ၅၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပါဝင်လှူဒါန်း

ပြည်သူ့ရင်ပြင်၌ ရှင်သာမ‌ဏေ အပါး ၅၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပါဝင်လှူဒါန်း

UMFCCI affiliated associations donate to post-earthquake relief and reconstruction efforts

UMFCCI affiliated associations donate to post-earthquake relief and reconstruction efforts

ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများက အလှူငွေနှင့် ပစ္စည်းများ ပူးပေါင်းပါဝင် လှူဒါန်းလျက်ရှိ

ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများက အလှူငွေနှင့် ပစ္စည်းများ ပူးပေါင်းပါဝင် လှူဒါန်းလျက်ရှိ

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းများက အလှူငွေများ ပေးအပ်

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းများက အလှူငွေများ ပေးအပ်

ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုန်သည်စက်မှု အသင်းချုပ်က ကျပ် သိန်း ၁၀,၀၀၀ လှူဒါန်း

ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုန်သည်စက်မှု အသင်းချုပ်က ကျပ် သိန်း ၁၀,၀၀၀ လှူဒါန်း