တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၊ ပိရှန်းဒေသနှင့် မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆက်သွယ်ဆောင်ရွက်မှု တိုးမြင့်လာစေရေး၊ စီးပွားရေးအခွင့်အလမ်းများကို နှစ်နိုင်ငံ အပြန်အလှန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၊ ပိရှန်းဒေသ ပြည်သူ့အစိုးရအဖွဲ့မှ ဒုတိယဒေသမှူး Mr. Zhang Chuan ဦးဆောင်သည့် ပိရှန်းဒေသလုပ်ငန်း ကိုယ်စားလှယ်အဖွဲ့ဝင် (၁၂) ဦးတို့သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အသင်းချုပ်အနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက်သာမက ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအတွက်ပါ တတ်စွမ်းသမျှ ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံရှိ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း နားလည်မှုစာချွန်လွှာများ ရေးထိုးထားပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အသိပညာဖလှယ်ရေးအစီအစဉ်များ၊ စီးပွားရေးဆွေးနွေးပွဲများ၊ ကုန်စည်ပြပွဲများကို ကျင်းပနိုင်ရေးတို့ ပါဝင်ပါကြောင်း၊ ယူနန်ပြည်နယ်အထွေထွေကုန်သည်ကြီးများအသင်း (Yunnan Provincial General Chamber of Commerce) နှင့် ပူးပေါင်း၍လည်း UMFCCI-YPGCC စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို နှစ်စဉ် နှစ်နိုင်ငံအလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံ၊ ဖွံ့ဖြိုးရေးကဏ္ဍရှိ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံစေလိုပါကြောင်း၊ စက်မှုလက်မှုနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းကဏ္ဍများအတွက် နည်းပညာနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းလိုပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ စီးပွားရေးအခွင့်အလမ်းများ ဖလှယ်၍ နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၊ ပိရှန်းဒေသ ပြည်သူ့အစိုးရအဖွဲ့မှ ဒုတိယဒေသမှူး Mr. Zhang Chuan က မိမိအနေဖြင့် ပိရှန်းဒေသ ကိုယ်စားပြုလာရောက်ခြင်းဖြစ်ပါကြောင်း၊ EV မော်တော်ယာဉ်၊ စက်မှုလယ်ယာပစ္စည်း၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျန်းမာရေးနှင့်ဆေးဝါး (အထူးသဖြင့် တရုတ်တိုင်းရင်းဆေးနှင့် ကင်ဆာဆေးဝါးများ) ၊ မြို့ပြစီမံကိန်း၊ ခရီသွားလုပ်ငန်းကဏ္ဍ စသည့်တို့နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ချုံချင့်နှင့်ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲသွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်နိုင်ရေး ဆောင်ရွက်လိုပါကြောင်း၊ မနက်ဖြန်တွင်ကျင်းပမည့် တရုတ် (ချုံချင့်ပိရှန်း) - မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲသို့ ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် နှစ်နိုင်ငံ စီးပွားရေးကိုယ်စားလှယ်များမှ အချင်းချင်း မိတ်ဆက်ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် စီးပွားရေးအခွင့်အလမ်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အသင်းချုပ်ဖက်မှ ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးအေးထွန်း၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်သည့် ဦးကျော်ဒေဝ၊ ဦးအောင်ဇေယျာလွင်၊ ဘဏ္ဍာရေးမှူး ဦးလှဦး၊ တွဲဖက်အကျိုးဆောင်စာရင်းစစ် ဦးအောင်ကြည်စိုး၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေး၊ IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
Backပြည်သူ့ရင်ပြင်၌ ရှင်သာမဏေ အပါး ၅၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပါဝင်လှူဒါန်း
UMFCCI affiliated associations donate to post-earthquake relief and reconstruction efforts
ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများက အလှူငွေနှင့် ပစ္စည်းများ ပူးပေါင်းပါဝင် လှူဒါန်းလျက်ရှိ
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းများက အလှူငွေများ ပေးအပ်
ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုန်သည်စက်မှု အသင်းချုပ်က ကျပ် သိန်း ၁၀,၀၀၀ လှူဒါန်း