ရုရှားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် B2B တွေ့ဆုံ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေးစင်တာနှင့် ကုန်သွယ်ရေးရုံး၏ ဦးဆောင်မှုဖြင့် ရုရှားစီးပွားရေး လုပ်ငန်းရှင်များပါဝင်သော စီးပွားရေးမစ်ရှင်အဖွဲ့သည်
မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် B2B Meeting ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
IT နှင့် ပညာရေးကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မော်တော်ကား လုပ်ငန်းများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ ရုရှားကိုယ်စားလှယ်များနှင့် မြန်မာစီးပွားရေး ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြသည်။
နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်မှုသည် ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့သော စီးပွားရေးပုံစံများကို ဖန်တီးနိုင်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို လည်းပိုမိုခိုင်မာစေမည့် လုပ်ငန်းများကို ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်သူဇာဝင်း၊ဦးရဲမြင့်မောင် နှင့် ဦးဇော်မင်းသန့်၊ စာရင်းစစ် ဦးအောင်ကြည်စိုး ၊ အသင်းချုပ် အမှုဆောင်များ၊စီးပွားရေးလုပ်ငန်းရှင်များ၊ ရုရှား- မြန်မာ ချစ်ကြည်ရင်းနှီးမှု ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
Back