မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း၏ “Myanmar Automobile Networking Dinner” ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဝန်ကြီးများရုံး၌ ကျင်းပခဲ့သည်။
မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း (MAMDA) သည် ဒုတိယအကြိမ်မြောက် Automobile Networking Dinner ကို ကျင်းပ ခြင်းဖြစ်ပြီး နာယက - ဒေါက်တာစိုးထွန်း၊ ဥက္ကဋ္ဌ - ဦးဇော်ထိုက်အေး၊မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းအမှုဆောင်၊ အဖွဲ့ဝင်များ၊ကုန်သည်စက်မှုအသင်းချုပ်မှ အမှုဆောင်အဖွဲ့ဝင်များ
ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ
အသင်းသူ၊အသင်းသားများစုံလင်စွာတက်ရောက်ခဲ့ကြသည်။
MAMDA အသင်းသည် ၂၀၁၃ ခုနှစ်မှာ တရားဝင်ဖွဲ့စည်းခွင့် ရရှိခဲ့ပြီး ယခုနှစ်သည် MAMDA အသင်း တည်ထောင်ခဲ့သည်မှာ ၁၀ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
MAMDA အသင်းသည် နိုင်ငံတော်၏ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒများ အဆင့်ဆင့် ပြောင်းလဲမှုဖြစ်စဉ်မှာ ဌာနဆိုင်ရာများနဲ့အတူ ကုန်သည် စက်မှုအသင်းချုပ်နဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်၏ Automobile Policy ရေးဆွဲရေးမှာလည်း အသင်းချုပ်နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။
ထို့အပြင် မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတွင် MAMDA အသင်းမှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လျှပ်စစ်သုံးယာဉ်များအကြောင်း အများပြည်သူအတွက် ဗဟုသုတမျှဝေခြင်း အစီအစဉ်များတွင်လည်း တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။
MAMDA အသင်းအနေဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော် ကောင်စီ၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အသင်းခွဲများဖွဲ့စည်းထားပြီး ကျန်ဒေသများတွင်ပါ အသင်းခွဲတိုးချဲ့သွားနိုင်ရေး ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ကြောင်း MAMDA ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက ပြောကြားခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
Back