နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များတွေ့ဆုံပွဲကျင်းပ

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များတွေ့ဆုံပွဲကျင်းပ

https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/11/jpg/multinews/8734/b2f9e44723ceab8c10120f3cb2ecc264e32faa8ab8dae8132742942cb330cab2758858d9a71052f6f75f7adf4d9566d1d6bbf7402f5ffefb63d6c30be2456ddd/2091https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/12/jpg/multinews/624/e761626a257104f4be218330962a5c2f3b4e8eec46a1cb2a5b0c197fee6c9e8b39e94feeb8a844f04d4926a921c372b0ace389018a7a03a034027dbc9d54e70e/2091https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/13/jpg/multinews/4737/c002a3e46368ca13bc197177881fe1f91bbbdae63d21b8425ee6ceede52ef99f922e8788168b3945add3289afab0151c48949d44988755fa50c698478dd15aea/2091
မြန်မာ့စီးပွားရေးကဏ္ဍ၏ လတ်တလောတွင်ဖြစ်ပေါ်နေသည့် မြေပြင်အခြေအနေများနှင့် အကြံပြုချက်များကို ကဏ္ဍအသီးသီးရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ ပွင့်လင်းစွာတင်ပြဆွေးနွေးနိုင်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများတို့သည် ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရှိ မင်္ဂလာခန်းမ၌တွေ့ဆုံခဲ့ပါသည်။
 https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/14/jpg/multinews/3820/f7ba5154763ad639e69279badb08799f49b003cc7a13c75fefd241a749d6843fbd8015d4fe1494e1a9af3e33c39d13ba853b00e16fb97fc4d9c4ed60db555f4a/2091https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/15/jpg/multinews/7823/cfc706b0f644d286e49ed1444b46e8c5195cbb94aab22277fb41370c9e5871236ab40a83e7506185fa047e9343e911d5bd61362ab8c181109659988318c5d22b/2091https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/16/jpg/multinews/6272/279cabf893739361aeb37dacb13dd12da62b6777f0d5016de408b2952fd14d7dd14a598eae907f8436a116206c39f3b385ed2dec321f9380fbe1c8b853d3a345/2091
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရေးအတွက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)အနေဖြင့် အဓိကအားဖြင့် ထုတ်လုပ်မှုအပိုင်း၊ ကုန်သွယ်မှုအပိုင်းနှင့် ဝန်ဆောင်မှုအပိုင်း စသည့်အပိုင်း ၃ ပိုင်းဖြင့်ဆောင်ရွက်လျက်ရှိပြီး အဆိုပါအချက်များသည် နိုင်ငံ၏ GDP တွက်ချက်မှုတွင် ပါဝင်သည့်အပိုင်းများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊စားရေရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်သည့် ရေမြေသယံဇာတများ ပေါများစွာရှိပြီး အလုပ်လုပ်ကိုင် ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များလည်း ရှိပြီးဖြစ်ကြောင်း၊စားရေရိက္ခာထုတ်လုပ်မှုနှင့်ပတ်သက်၍ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ များပြားခြင်း များကြောင့် ရှိသင့်သည့်ကုန်ဈေးနှုန်းထက် ကြီးမြင့်နေသည်ကို တွေ့ရကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသည့်ကုန်ကြမ်းပစ္စည်းများအပေါ်မူတည်၍ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်များ တိုးတက်ရရှိလာမည်ဖြစ်ကာ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများ တိုးတက်လာမည်ဖြစ်ကြောင်း၊MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း၌ရရှိရန်သေချာသည့် ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊
ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကတာဝန်အရှိဆုံး ပုဂ္ဂိုလ်များဖြစ်ကြပြီး ကဏ္ဍပေါင်းစုံမှ တင်ပြချက်များသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်ရန် စဉ်းစား ဆောင်ရွက်နိုင်မည့် အဖြေများရရှိ မည်ဟုမျှော်လင့်ပါကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် နိုင်ငံတော်၏ ကောင်းရာ ကောင်းကျိုးအတွက် အလေးထား ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
 https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/17/jpg/multinews/827/7a89ed7b2134954cd3879bd9b3030f0f33584b2483ce6bece2a1632837f0507c9e2f110650292924fe0d9096e95457a265e812a94b02729bae12fd9b03e51f29/2091https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/18/jpg/multinews/4680/d07e61316d8deccbeae9e56addd1367d187729c416d13d326568fdf8b7e0da1fbcaa9f73f0fe5bae4ab0b9bd9ed39800541cc1520f522db4d4990ebd9f70a25e/2091https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/19/jpg/multinews/3140/f7790506d0fdc016c335a8a16cdc917216ab40f45e95c0f5ce11e31452a7a7f6ad7a9d1f4bc86ab6d2fd4a0f131b748247b0a88cf18f560de04c99e2dcbb684f/2091
ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက
ပုဂ္ဂလိကစီးပွားရေးကဏ္ဍ၏ ဖြစ်ပေါ် ပြောင်းလဲ တိုးတက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာတွင် အသင်းချုပ်နှင့်ညီနောင်အသင်းများအနေဖြင့်ကဏ္ဍအလိုက် ကြုံတွေ့ နေရသည့် ပကတိမြေပြင်အခြေအနေ၊ စိန်ခေါ်မှုများနှင့် ဆောင်ရွက်နေမှုများကို ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍ ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အထောက်အကူပြုကဏ္ဍများကို သက်ဆိုင်ရာ အသင်းအလိုက် ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားသုံးငွေ ရှာဖွေ ပေးနိုင်မည့် ပို့ကုန်မြှင့်တင်ရေးမူဝါဒ နှင့် မဟာဗျူဟာ၊ နည်းဗျူဟာများကို မြေပြင်အခြေအနေနှင့် ကိုက်ညီအောင်ဆောင်ရွက်ရေး၊
ကုန်ထုတ်လုပ်မှုအတွက် စက်မှုမူဝါဒ (Industrial Policy)တစ်ရပ်ကိုရေးဆွဲရေး၊ လုပ်သာကိုင်သာရှိသည့် စီးပွားရေးဝန်းကျင် (Ease of Doing Business) ဖော်ဆောင်ရေး၊ မက်ကရိုစီးပွားရေးဝန်းကျင် တည်ငြိမ်ရေး၊ ယခင်ကာလကတည်းကစဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည်Public-
Private Dialogue ၊ ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးရေး (Private Sector Development) လုပ်ငန်းစဉ်များကဲ့သို့ ပုံမှန်ဆွေးနွေး ညှိနှိုင်းမှု လုပ်ငန်းစဉ်များကိုလည်းဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး
ကဏ္ဍအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှုအခြေအနေများကို
ရှင်းလင်းပြောကြားခဲ့သည်။
 https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/20/jpg/multinews/5381/07050949f2dedd9abf55edd30e39e2afa6ee7eb78086a62ea7393297519c998e804003ca9175d285bb073a361bfadf13626796b193e9acc29d0a69f5cedda90f/2091https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/21/jpg/multinews/1129/37a15413bfb04c98169548bc436aba2dc03ff07af48fb9327678f54cdb74eb73367b74da9fab82604f18f2ec720cba82e2249b9587a59ae3a74ef1fc001ef579/2091
ဆက်လက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ
ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်၊ ပြောင်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေးချမ်းအောင်နှင့် အတွင်းရေးမှူး ဦးဖြိုးကိုကိုနိုင် ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းမြင့်က လည်းကောင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့် ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ ဥက္ကဋ္ဌ ဦးအေးထွန်း၊ CMP လုပ်ငန်းများအသင်းကိုယ်စား ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းဝင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးတို့ကလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းနှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်သစ်သစ်ထက် တို့ကလည်းကောင်း၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းဥက္ကဋ္ဌ ဦးခင်စိုး၊ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ မန္တလေးကုန်သည်စက်မှုအသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဟန်၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်မောင်တင့် တို့ကလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။
 စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှုများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာလျင် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစာ ကုန်ကြမ်းများသည်လည်း ဈေးနှုန်းသက်သာစွာ ရရှိနိုင်မည်ဖြစ်သဖြင့် လုပ်ငန်းအချင်းချင်း ချိတ်ဆက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများတွင် ပြည်တွင်းဖူလုံရေးကို ဦးစွာ ဆောင်ရွက်လျက်ရှိပြီး ပြည်ပသို့ ကုန်ချောတင်ပို့မှုများအစား ကုန်ချောထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် အရင်းအနှီးများ၊ နည်းပညာများနှင့် မူဝါဒပိုင်းဆိုင်ရာတို့တွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်နှင့် စက်မှုကုန်ထုတ်ပစ္စည်းများ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ရေးနှင့်ဈေးကောင်းရရှိရေး ဆောင်ရွက်ပေးစေလိုမှု၊ အခြားစီးပွားရေးလုပ်ငန်းများဖြစ်သည့် ဝန်ဆောင်မှုကဏ္ဍ၌ ခရီးသွားလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်းတို့နှင့် ပတ်သက်၍ လိုအပ်ချက်များကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီးချုပ်နှင့်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Back

UMFCCI News

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၃) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၃) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးဆွေးနွေး

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးဆွေးနွေး

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးဆွေးနွေး

စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ

စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်စေရေးနှင့် သဘာဝသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်း အဝေး ကျင်းပ

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်စေရေးနှင့် သဘာဝသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်း အဝေး ကျင်းပ