ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

ဝန်ထမ်းအဆင့် (၃) မ (၁) ဦး

 https://officeadmin.umfcci.com.mm/service/ShowDataContentRequest/0/multinews/26-5-2023_HRD_Vacancy_Announcement/jpg/multinews/8733/d0ed8c37ba4e132550b70f4e072571eae92841a38fd87e05e201d886fe613b558fa450f2c463e9430547cd7259588c5a57e09e41afd9d8ad6f68538255122c8d/2012

ပညာအရည်အချင်းသတ်မှတ်ချက်

- အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။

လုပ်ငန်းအတွေ့အကြုံသတ်မှတ်ချက်

- အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ပါက ရုံးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။

အခြားသတ်မှတ်ချက်

- ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ညှိနှိုင်းပြောဆို လုပ်ကိုင်နိုင်သူဖြစ်ရမည်။

- အများနှင့်ထိတွေ့ဆက်ဆံနိုင်ပြီး၊ ပြောဆိုဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။

- ကွန်ပျူတာအသုံးပြုနိုင်သူ၊ မြန်မာ/ အင်္ဂလိပ်ကောင်းမွန်စွာရိုက်နိုင်သူဖြစ်ရမည်။

- သင်တန်းကျောင်းအထောက်အကူပြုလုပ်ငန်း (သို့မဟုတ်) သင်တန်းဌာနများတွင် တာဝန်ထမ်းဆောင် ဖူးသူများကို ဦးစားပေးမည်။

- စနေ/တနင်္ဂနွေ အချိန်ပိုဆင်းနိုင်သူဖြစ်ရမည်။

 

နောက်ဆုံးထားလျှောက်ထားရမည့်ရက် - 9.6.2023

လျှောက်ထားရမည့်နေရာ - UMFCCI, Information ဌာနစိတ်၊ အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

လျှောက်ထားနိုင်သည့်နည်းလမ်း - UMFCCI, Information ဌာနစိတ်သို့ကိုယ်တိုင်လာရောက်၍ဖြစ်စေ၊

- Viber နံပါတ် ၀၉-၄၅၀၂၀၀၂၉၀ သို့ပေးပို့၍ဖြစ်စေ၊ လျှောက်ထားနိုင်ပါသည်။

သတ်မှတ်လျှောက်လွှာရယူရမည့်နေရာနှင့်နည်းလမ်း - ကိုယ်တိုင်လာရောက်လျှောက်ထားသူများအနေဖြင့် UMFCCI, Information ဌာနစိတ်တွင် သတ်မှတ်လျှောက်လွှာပုံစံကိုထုတ်ယူ၍ လျှောက်ထားနိုင်ပါသည်။

- Viber မှတဆင့် လျှောက်ထားသူများအနေဖြင့် အင်တာဗျူးခေါ်ယူစဉ်လာရောက် သည့်အခါ UMFCCI, Information ဌာနစိတ်တွင် သတ်မှတ်လျှောက်လွှာပုံစံကို ထုတ်ယူ၍ လျှောက်ထားနိုင်ပါသည်။

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ - ဓါတ်ပုံ (၂) ပုံ၊ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ ပညာအရည်အချင်းဆိုင်ရာစာရွက် စာတမ်းများ၊ သန်းခေါင်စာရင်းမိတ္တူ

ဆက်သွယ်စုံစမ်းရန် - ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ - ၃၁၈) သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်း နိုင်ပါသည်။

Back