မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ထားနိုင်ရေးအတွက် အသိပေးကြေညာချက်
(၂၀၂၃ ခုနှစ် ၊ မေလ ၈ ရက်)
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃ခုနှစ် ၊ မေလ (၈) ရက်နေ့ ၊ မြန်မာစံတော်ချိန် (၁၀:၃၀) နာရီ အချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် နောက် (၁၂) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်၍ ထိုမှတဆင့် ပိုမိုအားကောင်းလာနိုင်ပြီး (၉.၅.၂၀၂၃) ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး (၁၀.၅.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြောင်းနှင့် မြန်မာနိုင်ငံရှိ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက် လေပြင်းများ ကျရောက်၍ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၈၀) မိုင် (၉၀) ခန့် အထိ တိုက်ခတ်နိုင်ကြောင်း သိရှိရသည်။
သဘာဝဘေးအန္တရာယ်ကျရောက်မှု ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများ၊ တောင်သူ လယ်သမားများ အချိန်မီကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မုန်တိုင်းအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေးကို သက်ဆိုင်ရာ ညီနောင်အသင်းများနှင့် လုပ်ငန်းရှင်များမှ ကြိုတင် စီမံဆောင်ရွက်ထားရန် အသိပေး အကြောင်းကြားအပ်ပါသည်။
အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက လိုအပ်သော ကြိုတင်ပြင်ဆင်မှုများထားရှိနိုင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးတို့အတွက် ကုန်သည်စက်မှုအသင်းချုပ်သို့ အချိန်နှင့် တပြေးညီ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
ဆက်သွယ်ရန်
Hot Line – 09776999920 , 09776999930, 09776999940
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
Backပြည်သူ့ရင်ပြင်၌ ရှင်သာမဏေ အပါး ၅၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပါဝင်လှူဒါန်း
UMFCCI affiliated associations donate to post-earthquake relief and reconstruction efforts
ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများက အလှူငွေနှင့် ပစ္စည်းများ ပူးပေါင်းပါဝင် လှူဒါန်းလျက်ရှိ
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းများက အလှူငွေများ ပေးအပ်
ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုန်သည်စက်မှု အသင်းချုပ်က ကျပ် သိန်း ၁၀,၀၀၀ လှူဒါန်း