UMFCCI MSME FAIR 2023 Press Release

UMFCCI MSME FAIR 2023 Press Release

 

 UMFCCI MSME FAIR 2023 

 

 

 

 

 

 

Back

Press Releases

ကုန်သည်စက်မှုအသင်းချုပ်၏ သမိုင်းအချက်အလက်များ ကူညီပံ့ပိုး‌ပေးနိုင်ပါသည်

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သည် ၁၉၁၉ ခုနှစ်မှ စတင်တည်‌ထောင်ခဲ့ကာ မကြာမီ ၂၀၁၉ ခုနှစ်တွင် နှစ်တစ်ရာပြည့်သို့ ‌ရောက်ရှိ‌တော့မည် ဖြစ်ရာ နှစ်(၁၀၀)ပြည့်အခမ်းအနားကြီးအား အကြံ‌ပေးပုဂ္ဂိုလ်များ၊ နာယကအဖွဲ့ဝင်များ၊ ညီ‌နောင် အသင်းများ၊ အသင်းသူအသင်းသားအ‌ပေါင်းနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

 

အဆိုပါအခမ်းအနားတွင် အသင်းချုပ်ကို Burmese chamber of Commerce (BCC) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်မှ အစပြု၍ UMFCCI ဖြစ်‌ပေါ်လာခဲ့သည်အထိ အသင်းချုပ်၏ ပြည်တွင်းပြည်ပ ‌ဆောင်ရွက်ခဲ့မှုများအားစုစည်း၍ ကုန်သည်စက်မှုအသင်းချုပ် သမိုင်း‌ကြောင်းများ၊ ဖွဲ့စည်းခဲ့မှုများ၊ လှုပ်ရှား ‌ဆောင်ရွက်ခဲ့မှုများပါရှိသည့် နှစ်(၁၀၀) ပြည့်ဗီဒီယို ရိုက်ကူးထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

 

ကုန်သည်စက်မှုအသင်းချုပ်နှင့် ပတ်သက်ဆက်နွယ်မှုရှိခဲ့‌သော လူကြီးမင်းများအ‌နေဖြင့် အသင်းချုပ်နှင့် စပ်လျဉ်းသည့် အချက်အလက်များ စု‌ဆောင်းသိမ်းဆည်းထားပါက မိမိတို့စု‌ဆောင်းထား‌သော သတင်း အချက်အလက်များ၊ မှတ်တမ်းများ၊ ဓာတ်ပုံများ စသည်တို့ကို ကုန်သည်စက်မှုအသင်းချုပ်သို့ ‌ခေတ္တငှားရမ်း ခြင်းဖြင့် ကူညီပံ့ပိုး‌ပေးပါရန် ‌မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်သွယ်ရန်—

 

ပြည်သူ့ဆက်ဆံ‌ရေးရာဌာန

ဖုန်းနံပါတ် – ဝ၁- ၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ – ၁၃၅ ၊ ၃၂၃)၊ ဝ၉-၄၅၀၂၀၀၆၄၀

အီး‌မေးလ် – pr@umfcci.com.mm

စတုတ္ထ‌မြောက် စက်မှု‌တော်လှန်‌ရေးအတွက် မြန်မာကုမ္ပဏီများအား ကူညီပြင်ဆင်‌ပေးရန် US.ICT ‌ကောင်စီနှင့် UMFCCI MOU နားလည် သ‌ဘောတူညီမှု သဝဏ်လွှာလက်မှတ်‌ရေးထိုး

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ – ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ ၆ ရက်-ကမ္ဘာ့အကြီးမားဆုံးနှင့် တီထွင်ဆန်းသစ်မှုအရှိဆုံး နည်းပညာ ကုမ္ပဏီ‌ပေါင်းများစွာ ပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန် သတင်းအချက်အလက်နှင့် ဆက်သွယ်‌ရေး နည်းပညာ (ICT) ‌ကောင်စီ၊ ပြည်‌ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့မှ စီးပွား‌ရေး ဖွံ့ဖြိ်ုးတိုးတက်မှုနှင့် စွမ်း‌ဆောင်ရည် မြှင့်တင်‌ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ပူး‌ပေါင်းလုပ်‌ဆောင်ရန် ယမန်‌နေ့တွင် နားလည်သ‌ဘောတူညီမှု သဝဏ်လွှားအား လက်မှတ်‌ရေးထိုးခဲ့ပါသည်။

 

 “UMFCCI အဖွဲ့ဟာ အ‌မျှော်အမြင်ရှိ်ပြီး အယူအဆအသစ်‌တွေ ၊ နည်းပညာအသစ်‌တွေနဲ့ ပတ်သက်လာရင် အမြဲ လက်ခံကြိုဆို‌နေတဲ့ အဖွဲ့ဖြစ်ပါတယ်။နည်းပညာ တီထွင်ဆန်းသစ်မှု မျက်နှာစာမှာ ‌ရှေ့တန်း‌ရောက်‌နေပြီး သူတို့ကိုယ်ပိုင် ကျွမ်းကျင်မှု‌တွေနဲ့ အရင်းအမြစ်‌တွေကို မျှ‌ဝေ‌ပေးတတ်ကြတဲ့ ကျွန်မတို့ အဖွဲ့ဝင် ကုမ္ပဏီများနှင့် လိုက်ဖက်ညီလှပါတယ်” မစ္စစ် Max Shu Teasdale မှ ‌ပြောကြားခဲ့ပါသည်။

 

 “မကြာ‌သေးမီအချိန်က စတုတ္ထ‌မြောက် စက်မှု‌တော်လှန်‌ရေး‌ရောက်ရှိလာပြီး နည်းပညာနဲ့ စီးပွား‌ရေး ကဏ္ဍတိုင်းလိုလို ဆုံမှတ်မှာ ထိ‌တွေ့လာတာ‌ကြောင့် စီးပွား‌ရေးစနစ်များ အသွင်‌ပြောင်းလဲလာခြင်းနှင့် သက်ဆိုင်သည့် ‌ဆွေး‌နွေးမှုများစွာ ‌ပေါ်ထွက်လာခဲ့ပါသည်။ ဒီအသွင်‌ပြောင်းမှုမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်‌နေဖို့အတွက်  အစိုးရ မူဝါဒချမှတ်‌ရေးအဖွဲ့‌တွေအပါအဝင် မြန်မာကုမ္ပဏီ‌တွေကို ကျွန်မတို့ ကူညီ‌ပေးချင်ပါတယ်” ဟု ဆက်လက်‌ပြောကြားခဲ့ပါသည်။

 

“U.S. ICT နဲ့ ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ ၊ ကျွန်‌တော်တို့ အဖွဲ့ဝင်‌တွေအ‌နေနဲ့ သူတို့ရဲ့ စီးပွား‌ရေး‌တွေကို ပိုမိုထိ‌ရောက်လာပြီး ယှဉ်ပြိုင်မှု ပြုလုပ်လာနိုင်‌စေဖို့ သူတို့ရဲ့ အသိသညာကို တိုးပွား‌စေတဲ့ ဒီလိုအခွင့်အ‌ရေး ရတဲ့အတွက် ကျွန်‌တော် ကြိုဆိုပါတယ်။ဒီလို ကူးလူးဆက်သွယ်မှုမျိုးက ICT ကဏ္ဍနဲ့ ဆက်စပ်တဲ့ မြန်မာနိုင်ငံနဲ့ အ‌မေရိကန် ကုမ္ပဏီင်္‌တွေကြား စီးပွား‌ရေးအခွင့်အလမ်းအသစ်‌တွေကို ဖြစ်‌ပေါ်လာ‌စေဖို့ကိုလည်း အ‌ထောက်အကူပြုမှာပါ” ဟု UMFCCI အသင်း၏ ဥက္ကဌဖြစ်သူ ဦး‌ဇော်မင်းဝင်းမှ ‌ပြောကြားခဲ့ပါသည်။

 

ကုန်သည်စက်မှုအသင်းချုပ်

 

သတင်းထုတ်ပြန်ချက်အပြည့်အစုံ‌

Invest Myanmar Summit 2019 သတင်းစာရှင်းလင်းပွဲကျင်းပ

“ကျွန်‌တော်တို့ရဲ့ အဓိကရည်ရွယ်ချက်၊ အများနဲ့မတူတဲ့ခြားနားချက်က‌တော့ အလုပ်အကိုင်ဖြစ်‌မြောက် ‌စေဖို့နဲ့ ထိ‌ရောက်စွာအ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်နိုင်ရန် စီးပွား‌ရေးလုပ်ငန်း‌တွေကိုပဲ အဓိက အားစိုက်ထားတဲ့အချက်ပါ။ Invest Myanmar Summit ပွဲတွင် ရင်းနှီးမြှုပ်နှံသူ‌တွေနဲ့ စီးပွား‌ရေးလုပ်ငန်းပိုင်ရှင်‌တွေ စီးပွား‌ရေးလုပ်ငန်းဆိုင်ရာ‌တွေ့ဆုံမှုများကို လွယ်ကူ‌ချော‌မွေ့စွာ ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး အလုပ်အကိုင်များ ‌အောင်မြင်ဖြစ်‌မြောက်သွား‌သော အ‌နေအထားမျိုးဖြစ်နိုင်ရန် ကူညီပံပိုးသွားမှာဖြစ်ပါတယ်” ဟု Invest Myanmar Summit ဥက္ကဋ္ဌ ဦး‌ဝေဖြိုးက‌ပြောကြားသည်။ 

သတင်းထုတ်ပြန်ချက်အပြည့်အစုံကို ‌ဖော်ပြ‌ပေးထားပါသည်။

 

ကုန်သည်စက်မှုအသင်းချုပ်

Invest Myanmar Summit 2019

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သည် ယခုလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ‌နေပြည်‌တော် (MICC-2) ၌ Invest Myanmar Summit 2019 ပွဲကြီးကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါသည်။

 

 

အ‌မေရိကန်‌ဒေါ်လာ (၃) ဘီလီယံ‌ကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ၁၂ဝ ‌ကျော်အား Invest Myanmar Summit 2019 ၌ ပြသမည်ဖြစ်ရာ သတင်းထုတ်ပြန်ချက် အပြည့်အစုံ (မြန်မာဘာသာ) ကို ‌ဖော်ပြအပ်ပါသည်။

Generalized System of Preferences (GSP)

ဥ‌ရောပသမဂ္ဂက ‌ပေးအပ်ထား သည့် Generalized System of Preferences (GSP) ကို ပြန်လည်မရုပ်သိမ်း‌ရေးအတွက်

 

မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊

မြန်မာနိုင်ငံလုံးဆိုင်ရာအလုုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)

မြန်မာနိုင်ငံစက်မှုလက်မှု

ဝန်‌ဆောင်မှုလုပ်ငန်း‌ပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တို့ပူး‌ပေါင်းကာ ၁၇.၁၂.၂၀၁၈ရက်‌နေ့တွင် ကျင်းပခဲ့သည့် 

“Together We succeed, Why GSP is Essential for Decent Work and Industrial Peace”မှ ပူူးတွဲ‌ကြေငြာချက်(မြန်မာဘာသာ)ကို ‌အောက်ပါအတိုင်း ထုတ်ပြန်လိုက်ပါသည်။

 

ကုန်သည်စက်မှုအသင်းချုပ်