UMFCCI အသင်းဝင်များအား ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်မည့် “Korea Import Fair 2024” သို့ ပါဝင်ပြသရန်ဖိတ်ခေါ်
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည့်“Korea Import Fair 2024” သို့ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်များ၊ ညီနောင်အသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
KIF ပြပွဲကို ကိုရီးယားကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန (MOTIE)၊ ကိုရီးယားအစိုးရ၏ ပံ့ပိုး ကူညီမှုဖြင့် ဆယ်စုနှစ်တစ်ခုကျော်စာ ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲတစ်ခုဖြစ်ကြောင်း၊ KIF ပြပွဲသည် နှီးနှောဖလှယ်ပွဲများနှင့် B2B အစည်းအဝေးများကျင်းပခြင်းဖြင့် တင်သွင်းသည့်ထုတ်ကုန်များကို မိတ်ဆက်ပြသသည့် တစ်ခုတည်းသောပြပွဲဖြစ် သောကြောင့် အများပြည်သူလာရောက်သူများနှင့် ကိုရီးယား တင်သွင်းသူများ၏ အာရုံစိုက်မှုကို အပြည့်အဝရရှိစေမည်ဖြစ် ပါသည်။
ပြပွဲတွင် စွမ်းအင်ထုတ်ကုန်များ၊ သတ္တုများ၊ မွေးမြူရေးနှင့် အသားများ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ အစား အသောက်နှင့် အဖျော်ယမကာများ၊ အလှကုန်များ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိုင်တီပစ္စည်းများ၊ ဖက်ရှင်၊ အထည်အလိပ်၊ ဆက်စပ်ပစ္စည်းများ၊ လက်မှုပစ္စည်း၊ ကလေးပစ္စည်းများ၊ ခရီးသွားအချက်အလက်များ၊ ဆိုက်ဘာ လုံခြုံရေး စသည်တို့ ပါဝင်ပြသသွားမည်ဖြစ်ပါသည်။
ပြခန်းခနှုန်းထားများအနေဖြင့် Basic: US$ 3,000/9m3 (3m x 3m), Space Only: Minimum US$ 10,000/36m2 (9m2 x 4) စသည်ဖြင့် အသီးသီး ကျခံရမည်ဖြစ်ပါကြောင်း နှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီ လျှောက်လွှာများတင်သွင်းပါက ဝင်ကြေး ၄၀% လျှော့စျေးဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်မီ လျှောက်လွှာများတင်သွင်းပါက ဝင်ကြေး ၃၀% လျှော့စျေးဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ တွင် လျှောက်လွှာများတင်သွင်းပါက ဝင်ကြေး ၂၀% လျှော့စျေးဖြင့်လည်းကောင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
“Korea Import Fair 2024” သို့ ပါဝင်တက်ရောက်ရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များကို မေးမြန်းစုံ စမ်းရန်အတွက် Mrs. Rachel Hwang, Head of International Relations, Tel: +82-2-792-4833, E-mail: rachel@ koima.or.kr, Mr. Minwoo Jeong, International Relations, Tel: +82-2-6677-3662, E-mail: wizard@koima.or.kr, Ms. Mingee Kim, International Relations, Tel: +82-2-6677-3664, E-mail: mingeek@koima.or.k သို့ တိုက်ရိုက် ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ပါကြောင်း၊ အမည်စာရင်းပေးသွင်းလိုပါက ပူးတွဲပါ KOREA IMPORT FAIR 2024_Application Form အား ပြည့်စုံစွာဖြည့်စွက်၍ Email: oversea@koima.or.kr သို့ တိုက်ရိုက်ပေးပို့၍ စောလျှင်စွာ အမည်စာရင်း ပေးပို့နိုင်မည်ဖြစ်ပါကြောင်း နှင့် ပါဝင်တက်ရောက်သူများအနေဖြင့် မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့ အမည်၊ Email Address နှင့် ဖုန်းနံပါတ်တို့အား ကုန်သည်/စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: itpc.umfcci@gmail.com၊ ဖုန်း၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁)၊ သို့ မိတ္တူပေးပို့နိုင်ပါရန် အသိပေး အကြောင်းကြား ဖိတ်ကြားအပ်ပါသည်။
ပူးတွဲ Application Form ၊ အသေးစိတ်အချက်အလက်များ
Back