“ExpoQueijo Brasil 2023/ Araxá International Cheese Awards” ပေးအပ်ပွဲသို့ ပါဝင်တက်ရောက်နိုင်

Event Info:

  • 24 Aug 2023 to 27 Aug 2023
  • 09:00 AM - 12:00 PM
  • Event Location

“ExpoQueijo Brasil 2023/ Araxá International Cheese Awards” ပေးအပ်ပွဲသို့ ပါဝင်တက်ရောက်နိုင်

ဘရာဇီးလ်နိုင်ငံ၊ Minas Gerais အစိုးရမှ ကြီးမှူး၍ “ExpoQueijo Brasil 2023/ Araxá International Cheese Awards ကို ၂၄.၈.၂၀၂၃ မှ ၂၇.၈.၂၀၂၃ ရက်နေ့အထိ Grand Hotel နှင့် Termas De Araxa ၏ ဥပစာတွင် ကျင်းပသွားမည်ဖြစ်သည်။
ဘရာဇီးလ်နှင့် ပြည်ပမှ ဒိန်ခဲများကို စုစည်းရန်ရည်ရွယ်သည့် နိုင်ငံတကာဒိန်ခဲလက်မှုပညာပြိုင်ပွဲ “ExpoQueijo” ပြပွဲတွင် ထုတ်ကုန်များနှင့် နည်းပညာများကို တင်ပြကာ လာရောက်လည်ပတ်သူများနှင့် ကွန်ရက်ချိတ်ဆက်မှုတို့ကို ထူထောင်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒိန်ခဲလက်မှုပညာများ၏ စျေးကွက်မြှင့်တင်ရန် နည်းပညာဆိုင်ရာအသိပညာများ ဖြန့်ဝေရန်ရည်ရွယ်သည့် ဖိုရမ်တစ်ခုလည်းဖြစ်သည်။
ပြပွဲကာလအတွင်း Vila Gastronômica ရှိ Cheese ချစ်သူများအတွက်သာမက အမျိုးမျိုးသော လက်မှုပညာဆိုင်ရာ ထုတ်ကုန်များကိုလည်း ရရှိနိုင်မည်ဖြစ်ပြီး National Application အတွက် Rhodesian dollar 80 ကျသင့်မည်ဖြစ်ကာ ထပ်တိုး Registration အတွက် Rhodesian dollar 30 ထပ်မံပေးဆောင်ရမည်ဖြစ်သည်ကိုလည်း သိရှိရသည်။
အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ပြသရန် စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်၏ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲဆိုင်ရာအသေးစိတ်အချက်အလက်များကို Website: https://www.expoqueijobrasil.com.br/ တွင် ၁.၇.၂၀၂၃ မှ ၂၈.၇.၂၀၂၃ ရက်နေ့အတွင်း တိုက်ရိုက် Registration ပြုလုပ်နိုင်မည်ဖြစ်ပြီး ပါဝင်တက်ရောက်မည်ဆိုပါက အသင်းချုပ်သို့ မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့အမည်၊ ဆက်သွယ်ရန် Email Address နှင့် ဖုန်းနံပါတ်တို့အား ကုန်သည်စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: itpc.umfcci@gmail.com၊ ဖုန်း 01-2314344~49 (Ext: 301) သို့ မိတ္တူပေးပို့၍ ပါဝင်တက်ရောက်နိုင်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Back

Upcoming Events